အသင်း၏လုပ်ဆောင်ချက်များ

  • အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေ ပေါ်ပေါက်ရေးအတွက် ဆွေးနွေးခြင်း
  • ပြည်သူ့ဥပဒေကြမ်း တင်ပြဆွေးနွေးခြင်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်း
  • မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အိမ်ခြံမြေ အကျိုးဆောင်များ ညီညွတ်စွာ ရပ်တည်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း
  • မိတ်ဖက်အသင်းများနှင့် အိမ်ခြံမြေဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ တိုးတက်လာနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ခြင်း
  • အိမ်ခြံမြေ အကျိုးဆောင် လောကသားများ၏ အကျိုးစီးပွားကို မြင့်တင်ပေးခြင်းနှင့် ကာကွယ် စောင့်ရှောက်ပေးခြင်း
...
  • အသင်း၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း
  • ညီနောင် အသင်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ်အဆင့် အသင်းအဖွဲ့များကို စုစည်းကာ သင်းဖွဲ့ စည်းမျဉ်းနှင့်အညီ စနစ်တကျ ဖွဲ့စည်းရန် လမ်းညွန်ခြင်း၊ စည်းရုံးခြင်း၊ ဦးဆောင် ဖွဲ့စည်းပေးခြင်း။
  • အသင်းသားများ၏ ကိုယ်ကျင့်တရားများ၊ စီးပွားရေး ကျင့်ဝတ်များ လိုက်နာပြီး တန်ဖိုး ထိန်းသိမ်းရေး လုပ်ငန်း အဆင့်မြင့်မားလာနိုင်အောင် လမ်းညွှန်ခြင်း
  • အသင်းဝင်များ၏ လုပ်ငန်းများ တိုးတက်ရေး၊ နိုင်ငံတော် ပြည်သူနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် ညီညွတ်မျှတရေး၊ လိုအပ်သည့် အားပေးကူညီမှု၊ ဥပဒေအကာအကွယ်များ ရရှိစေရန် ဆောင်ရွက်ခြင်း
  • ဌာနဆိုင်ရာများနှင့် ဆက်သွယ်ကာ အိမ်ခြံမြေ လုပ်ငန်းများ တိုးတက်စေရေး တို့အတွက် တင်ပြခြင်း၊ ဆက်သွယ် ဆောင်ရွက်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း။
  • ပြည်တွင်း အသင်းအဖွဲ့များနှင့် ပူးပေါင်းကာ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းများ၊ ပြပွဲများ ကျင်းပခြင်း
  • ပြည်ပနိုင်ငံများ၏ အသင်းအဖွဲ့များ၊ ဂုဏ်သိက္ခာရှိသော ကုမ္ပဏီများနှင့် မိတ်ဖွဲ့ခြင်း၊ ဆွေးနွေးခြင်း၊ အပြန်အလှန် သင်တန်းများ ပြုလုပ်ခြင်းနှင့် နည်းပညာ မြင့်မားရေး ဆောင်ရွက်ခြင်း။
  • စီးပွားရေးနှင့် လုပ်ငန်းဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းပေးခြင်း။

အလုပ်အမှုဆောင်များ ဖွဲ့စည်းတည်ဆောက်ပုံ

  • ဗဟိုအလုပ် အမှုဆောင်
  • တိုင်းနှင့်ပြည်နယ် အလုပ်အမှုဆောင်များ
  • မြို့နယ် အလုပ်အမှုဆောင်များဟူ၍ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သက်ဆိုင်ရာ အလုပ်အမှုဆောင်များသည် မြို့နယ်များမှအခြေပြုကာ မဲပေးခွင့်ရှိသူ အသင်းဝင်များ၏ လျို့ဝှက်စနစ်ဖြင့် မဲပေးရွေးချယ်မှုအရ ရွေးကောက်ပွဲ အဆင့်ဆင့်ကို ဖြတ်သန်းကာ တာဝန်များ ရယူခြင်း ဖြစ်သည်။